Local News

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရုတ်တိုင်းရင်းဆေးများ တင်ပို့ခြင်းအတွက် GACC မှ အကြောင်းကြားလာခြင်း

Last Updated:

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရုတ်တိုင်းရင်းဆေးများ တင်ပို့ခြင်းအတွက် မြန်မာအစိုးရဘက်မှ ကြီးကြပ်စီမံခန့်ခွဲမှုစနစ်ကို ပြန်လည်သုံးသပ်သည့်အနေဖြင့် စစ်ဆေးရန်နှင့် မြန်မာနိုင်ငံမှ လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများ မှတ်ပုံတင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ပေကျင်းမြို့၊ GACC အောက်ရှိ Department of Animal of Plant Quarantine ဌာနမှ ပေးပို့လာပါသည်။ အဆိုပါစာတွင် အောက်ဖော်ပြပါအချက်များ ဖော်ပြပါရှိပါသည်-

(က)  မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်သွင်း/ တင်ပို့လျက်ရှိသည့် တရုတ်တိုင်းရင်းဆေးများ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် မြန်မာအစိုးရဘက်မှ ကြီးကြပ်စီမံခန့်ခွဲရေးစနစ်ကို ပြန်လည်သုံးသပ်သည့်အနေဖြင့် ပြန်လည်စစ်ဆေးပေးမည် ဖြစ်ကြောင်း၊

( ခ )    တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော ပြည်ပထုတ်လုပ်ရေးလုပ်ငန်း ကုမ္ပဏီများအတွက်  မှတ်ပုံတင်စနစ်ကို ကျင့်သုံးဆောင် ရွက်မည်ဖြစ်ကြောင်း၊

( ဂ )   မြန်မာနိုင်ငံမှ ဆေးဝါးများတင်ပို့သည့် ကုမ္ပဏီများကို မြန်မာဘက်ရှိ အဓိကစီမံခန့်ခွဲရေး လုပ်ငန်းဌာနများမှ တရုတ်နိုင်ငံ အကောက်ခွန်ရုံးချုပ် (GACC) သို့ မိတ်ဆက်ပေး ရမည်ဖြစ်ပါကြောင်း၊ တရုတ်ဘက်မှ သက်ဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊

(ဃ)   မှတ်ပုံတင်ခွင့်ရရှိသော ကုမ္ပဏီများ၏ အချက်အလက်များကို တရုတ်နိုင်ငံ၊ GACC Department of Animal and Plant Quarantine ၏ Website ဖြစ်သည့် (http://dzs.customs.gov.cn/)တွင် ရှာဖွေစိစစ်နိုင်ပါကြောင်း၊

( င )   ၁၅-၂-၂၀၂၃ ရက်မတိုင်မီ ဖော်ပြပါ အစိုးရဘက်ကြီးကြပ်စီမံခန့်ခွဲရေးစနစ်ကို ပြန်လည် သုံးသပ်သောသဘောဖြင့် ပြန်လည်စစ်ဆေးခြင်း၊ လုပ်ငန်းကုမ္ပဏီများ မှတ်ပုံတင်ရန် လျှောက်ထားခြင်းနှင့် သက်ဆိုင်သော အချက်အလက်များကို GACC၊ Department of Animal and Plant Quarantine ၏ အီးမေးလ် လိပ်စာဖြစ်သည့် [email protected] သို့ ပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း၊

 

 ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

Category: Local News